Thaisar Logo

Thaisar ထိုင်းစာ

Thai Language Center

Level-2 | အခန်း (၂) ရက်စွဲ (Dates, Days & Calendar)

Thaisar - ထိုင်းစာ သင်တန်းကျောင်းမှ ကြိုဆိုပါတယ်! 📅

Level-2 အခန်း (၂) "ရက်စွဲ" (Dates, Days & Months) တွင် ရက်၊ ရက်သတ္တပတ်၊ လ၊ နှစ် စနစ်များ၊ ၇ ရက် နေ့ရက်များနှင့် ၁၂ လ ဝေါဟာရများ၊ အမေးအဖြေ စုံတွဲ သဒ္ဒါများကို စနစ်တကျ လေ့လာနိုင်ပါသည်။

ရက်စွဲ မေးမြန်း စကားပြော ၇ ရက် & ၁၂ လ အမေး/အဖြေ သဒ္ဒါစုံတွဲများ

ရက်စွဲ မေးမြန်းခြင်း စကားပြော (Date Dialogue)

ဒီနေ့ ဘယ်နှစ်ရက်နေ့လဲ၊ မွေးနေ့ ဘယ်တော့လဲ မေးမြန်းပုံ အပြန်အလှန် စကားပြောများ။

ထိုင်းအသံထွက် နားထောင်ရန် ဘေးရှိ အသံထွက် ခလုတ်ကို နှိပ်ပါရှင်။
တဝမ် (Tawan)

วันนี้วันที่เท่าไหร่คะ

အသံထွက်: ဝမ်(န်)နီး ဝမ်(န်)ထီ့ ထောက်(ဝ်)လိုင် ခ

ဒီနေ့ ဘယ်နှစ်ရက်နေ့လဲရှင့်။

နိုင် (Naing)

วันนี้วันที่สิบห้าครับ

အသံထွက်: ဝမ်(န်)နီး ဝမ်(န်)ထီ့ စစ်(ပ်)ဟာ့ ခပ်(ပ်)

ဒီနေ့ ၁၅ ရက်နေ့ပါခင်ဗျ။

တဝမ် (Tawan)

เดือนนี้เดือนอะไรคะ

အသံထွက်: ဒွတ်အန်(န်)နီး ဒူအန်(န်) အလိုင် ခ

ဒီလ ဘာလလဲရှင့်။

နိုင် (Naing)

เดือนนี้เดือนเมษายนครับ

အသံထွက်: ဒွတ်အန်(န်)နီး ဒွတ်အန်(န်) မေးစာယွန်(န်) ခပ်(ပ်)

ဒီလ ဧပြီလပါခင်ဗျ။

တဝမ် (Tawan)

คุณเกิดวันที่เท่าไหร่คะ

အသံထွက်: ခူ(န်) ကေ(တ်) ဝမ်(န်)ထီ့ ထောက်(ဝ်)လိုင် ခ

မင်း ဘယ်နှစ်ရက်နေ့ မွေးတာလဲရှင့်။

နိုင် (Naing)

ผมเกิดวันที่ยี่สิบห้าเดือนธันวาคมครับ

အသံထွက်: ဖုန်(မ်) ကေ(တ်) ဝမ်(န်)ထီ့ ယီးစစ်(ပ်)ဟာ့ ဒွတ်အန်(န်) ထန်(န်)ဝါး ခုံ(မ်) ခပ်(ပ်)

ကျွန်တော် ဒီဇင်ဘာလ ၂၅ ရက်နေ့ မွေးတာပါခင်ဗျ။

Notification

Action completed successfully.